ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့် (၃၁-၈-၂၀၂၀)ရက်နေ့ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၂၄--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၅ဝဝဝိ/-)၊ နှမ်းဂွနက် (ရိုးရိုး)(၁၃ဝဝဝိ/-)ကျပ်စီဈေးတက်ပြီး နှမ်းဖြူ(မကွေး)(၁ဝဝဝိ/-)(၄ဝဝဝိ/-)၊ နှမ်းဖြူ(ရေသွင်း) (၂၀၀၀ိ/-)(၅ဝဝဝိ/-)၊ နှမ်းညိုကြား(၉ဝဝဝိ/-)ကျပ်စီစျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက်( ၅၀၀ မှ ၆၀၀ )ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင်(၂၄--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(929)(၇၀ဝိ/-)၊ ကုလားပဲ(HL)(၉ဝဝိ/-)၊ ပဲစဉ်းငုံနီ(သစ်)(၅ဝဝိ/-)၊ စားတော်ပဲ(၇ဝဝဝိ/-)၊ ကျပ်စီဈေးတက်ကာ ပဲတီစိမ်း (၁ဝဝဝိ/-)၊ ပဲစဉ်းငုံနီ(ဟောင်း)(၁၁ဝဝိ/-)ကျပ်စီဈေးကျပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့်် ယခင်(၂၄--၂၀၂၀)ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲတောင့်မျိုး(နီ) (၁၅ဝဝိ/-)ဈေးကျကာ ကျန်မြေပဲဆံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၂၄..၂၀၂၀)ရက်နေ့နှင့် နှိုင်းယှဉ်ပါက  မြေပဲဆီ (၅ဝဝိ/-)ကျပ်စျေးကျကာ ကျန်ဆီဈေးနှုန်းများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိ ပါသည်။

 

ဆန်

          ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၂၄..၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်းမွှေး(ရွှေဘို)(သစ်)(၄ဝဝဝိ/-)ကျပ်ဈေးတက်ပြီး ကျန်ဆန်ဈေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။